Skip to main content

မွေးရာပါ ကျောကုန်းမှာ အကြိတ်လို အဖုဖြစ်နေတဲ့ (၄)လသား ကလေးငယ်အတွက် ကုသစရိတ် လိုအပ်နေ

မွေးရာပါ ကျောကုန်းမှာ အကြိတ်လို အဖုဖြစ်နေတဲ့ (၄)လသား ကလေးငယ်အတွက် ကုသစရိတ် လိုအပ်နေပါတယ်

ရွှေဖီမြေ၊ ဒီဇင်ဘာ ၃ ရက်၊ နမ့်ဆန်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လီလုကျေးရွာအုပ်စု မန်ပိန်းကျေးရွာက ကလေးငယ်ဟာ မွေးရာပါ ကျောကုန်းမှာ အကြိတ်လို အဖုဖြစ်နေတာကြောင့် ဆေးကုသစရိတ်အတွက် အကူအညီ လိုအပ်နေပါတယ်။

ကလေးမလေးဟာ ၄ လကျော်သာ ရှိသေးပြီး မွေးဖွားတုန်းက ကျောကုန်းမှာရှိတဲ့အဖုသာ သေးငယ်ပေမဲ့ တစ်ဖြေးဖြေးနဲ့ အခုလို ကြီးလာတာဖြစ်တယ်လို့ သိရပါတယ်။

မွေးဖွားချင်းမှာပဲ မိဘဖြစ်သူတွေဟာ ဆေးရုံတက်ပြီး ကုသခဲ့ပေမဲ့ ငွေကြေး မတတ်နိုင်တော့တာကြောင့် ဆရာဝန်တွေရဲ့ ဒုတိအကြိမ်ရက်ချိန်းမှာ ထပ်မပြဖြစ်ခဲ့ပါဘူး။

လက်ရှိ ကလေးမလေးရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာတာကြောင့် မိဘဖြစ်သူတွေဟာ ဆေးကုသစရိတ် လိုအပ်နေတာ ဖြစ်ပါတယ်။

ကူညီလှူဒါန်းလိုသူတွေအနေနဲ့ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

09-401 055 921 (KBZ-Pay, Way Pay)
09-423 903 758

#ကလေးငယ် #ကျောကုန်း #ကုသစရိတ် #လိုအပ်နေ #မန်ပိန်းရွာ #နမ့်ဆန်
#ဓာတ်ပုံ- Local