Skip to main content

CDM လုပ်နေတဲ့ တန့်ယန်းက ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံရ

CDM လုပ်နေတဲ့ တန့်ယန်းက ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ တန့်ယန်း

CDM လုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့က ကျန်းမာရေး ဝန်ထမ်းတွေလည်း ဒီနေ့ မတ်လ ၁၁ ရက်မှာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရပါတယ်။

မနေ့ မတ်လ ၁၀ ရက်မှာ CDM ဆက်လုပ်ရင် ဝန်ထမ်းအိမ်ရာကနေ ထွက်သွားဖို့နဲ့ မလုပ်သူတွေတော့ ဆက်လက်နေထိုင်နိုင်ကြောင်း သက်ဆိုင်ရာက လာရောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ဆေးရုံဝန်ထမ်း အများစုက CDM သာ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဒီနေ့မှာပဲ ဝန်ထမ်းအိမ်ရာကနေ ထွက်ခွာသွားကြပါတယ်။

အလားတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်က ကျန်းမာရေးဝန်ထမ်း (၁၂)ဦးဟာ မနေ့ မတ်လ ၁၀ ရက်နဲ့ မန်တုံက ကျန်းမာရေးဝန်ထမ်း (၁၁)ဦး ဒီနေ့ မတ်လ ၁၁ ရက်မှာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

#ဓာတ်ပုံ- CJ
#ကျန်းမာရေးဝန်ထမ်း #CDM #တန့်ယန်း

Catagories