Skip to main content

တိုက်ပွဲကြားက မေ့လျော့ခံ ဘဝများ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ထဲက တိုက်ပွဲရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ တိုက်ပွဲဒဏ်အပြင် ကိုဗစ်ဒဏ်ကိုပါ ခံစားနေရပါတယ်။

ကိုဗစ်မဖြစ်ပွားခင်ကတည်းက ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုကို ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

ကပ်ရောဂါဖြစ်ပွားမှု ကြာလာတာနဲ့အမျှ မိသားစု ဝမ်းစာရေးအတွက် အမျိုးသမီးတွေဟာ ပိုမိုရုန်းကန်လာရပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အမျိုးသမီးတွေကို အိမ်ဖြည့်ရုံသာ မဟုတ်ပဲ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍကနေ ပါဝင်စေနိုင်ဖို့ တောင်းဆိုနေကြပါတယ်။

#ရိုက်ကူး- မိုင်းရူကော၊ မိုင်းယိုင်နီ၊ ရွှေဖီမြေ/တည်းဖြတ်- လွေးအေးမီး၊ ရွှေဖီမြေ
#အမျိုးသမီး #ကပ်ရောဂါ #တိုက်ပွဲရှောင် #နမ္မတူ #မန်တုံ