Skip to main content

ပထွေးရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ခံခဲ့ရသူနဲ့ အဓမ္မပြုကျင့်မှု (၄)ကြိမ် ခံခဲ့ရတဲ့ ဉာဏ်ရည် မသန်စွမ်းသူ

ခစ်ခစ်(အမည်လွှဲ)ဟာ ပထွေးဖြစ်သူရဲ့ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကို ခံရသူတစ်ဦး ဖြစ်ပါတယ်။ ပထွေးရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အကြမ်းဖက်ခံရတာကို ထုတ်မပြောပဲ အံကြိတ်ပြီးတော့ ကွတ်ခိုင်မြို့နယ်ထဲက သူမ ကျေးရွာမှာသာ လျှို့ဝှက်စွာ နေထိုင်ခဲ့ရပါတယ်။

ဆယ်တန်းအောင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ကနေ တက္ကသိုလ်တက်တဲ့အချိန်ထိ ပထွေးဖြစ်သူရဲ့ လိုက်လံနှောက်ယှက်မှုကို ခံခဲ့ရပြီး စိတ်ဆင်းရဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူတစ်ဦးပါ။

ဒီလို အဓမ္မကျင့်ခံရတဲ့အထဲမှာ ဉာဏ်ရည် မသန်စွမ်းတဲ့ (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ မိခင်က ဝမ်းစာရေးအတွက် ရုန်းကန်ရှာဖွေဖို့ သမီးဖြစ်သူကို အိမ်မှာထားခဲ့ရာကနေ (၄)ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ အမျိုးသမီးတွေအကြမ်းဖက်ခံရမှုကို ကူညီဖြေရှင်းပေးခဲ့တဲ့ အမှုပေါင်း (၁၄၀)ကျော်ရှိခဲ့တဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက ထက်ဝက်ကျော်ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ စာရင်းအရ သိရပါတယ်။

ရွှေဖီမြေ ရုပ်သံသတင်းထောက် လွေးအေးမီးက တင်ဆက်ပေးထားပါတယ်။

#ရိုက်ကူး/တည်းဖြတ်- လွေးအေးမီး၊ ရွှေဖီမြေ
#အမျိုးသမီး #အဓမ္မပြုကျင့် #ပထွေး #အာရုံမသန်စွမ်းသူ #ကွတ်ခိုင်