Skip to main content

မိုင်းငေါ့က အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ အလုပ်လုပ်နေစဥ် တူမီးသေနတ်နဲ့ ပစ်ခံရ

မိုင်းငေါ့က အမျိုးသမီးတစ်ဦး လက်ဖက်ခြံထဲ အလုပ်လုပ်နေစဥ် တူမီးသေနတ်နဲ့ ပစ်ခံရ

ရွှေဖီမြေ၊ ဇန်နဝါရီ ၈ ရက်၊ ကျောက်မဲ

မနေ့ ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွန်ကောက်ကျေးရွာအုပ်စု အောက်စျေးရပ်မှာ နေထိုင်တဲ့ အမျိုးသမီး ၁ ဦး တူမီးသေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်ခံရသူ အမျိုးသမီးဟာ အသက်(၅၅)နှစ်အရွယ် ဒေါ်အေးယွမ်းဖြစ်ပြီး မနေ့ ဒီဇင်ဘာလ ၇ ရက်မှာပဲ ကျေးရွာခံတွေက ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဒေါ်အေးယွမ်းဟာ တစ်ယောက်တည်း လက်ဖက်ခြံ ရှင်းနေချိန်မှာပဲ တူမီးသေနတ်နဲ့ ပစ်ခံရပြီးတော့ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာ (၂)ချက်၊ ၀မ်းဗိုက်မှာ (၂)ချက်နဲ့ လက်ပြင်မှာ (၂)ချက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်သူဟာ ဘယ်သူလဲဆိုတာကို မသိရသေးသလို ကျောက်မဲမြို့နယ်ထဲမှာ အခုလို ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

#အမျိုးသမီး #ပစ်ခတ်ခံရ #လက်ဖက်ခြံ #ကျောက်မဲ
#ဓာတ်ပုံ- Tin Maung Thein