Skip to main content

သတင်း

မိုးမိတ်မှာ မီးပျက်လို့ မီးပြန်ပြင်ပေးခဲ့တဲ့ CDM လုပ်နေသူ လျှပ်စစ်ဝန်ထမ်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ မိုးမိတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်ကတည်းက CDM လုပ်နေသူဖြစ်ပြီး မတ်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီးဟာ မသီတာအောင်ဆိုသူဖြစ်ပြီး မတ်လ ၆ ရက်က မီးပျက်တာကြောင့် လာရောက်ပြင်ပေးပြီးနောက် ၎င်းအလုပ် လုပ်နေတဲ့ ရုံးမှာ ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Catagories

မန်တုံမှာ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်း (၁၁)ဦး ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ မန်တုံ

CDM ပြုလုပ်နေတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေဟာ မနေ့ မတ်လ ၁ဝ ရက်မှာ ဖိအားပေးခံရပြီးနောက် ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ကျန်းမာရေးနဲ့ ဆေးရုံဝန်ထမ်း (၁၁)ဦးတို့ဟာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားပေးဖို့ မနေ့ မတ်လ ၁ဝ ရက် မနက်ပိုင်းမှာ ဖိအားပေးခံရပြီးနောက် ဒီနေ့ နောက်ဆုံးထားပြီး ပစ္စည်းတွေ သိမ်းကြဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

Catagories

CDM လုပ်နေတဲ့ နမ့်ဆန်က ဆရာဝန်အပါအဝင် ဝန်ထမ်း (၁၂)ဦး ဆေးရုံဝင်းကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၀ ရက်၊ နမ့်ဆန်

CDM ပြုလုပ်နေတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေဟာ ဒီနေ့ မတ်လ ၁၀ ရက် မနက်က ရဲ၊ စစ်တပ်နဲ့ ထွေ/အုပ်တွေရဲ့ ဖိအားပေးခံရပြီးနောက် ဆေးရုံဝင်းကနေ ဒီညနေမှာ ဖယ်ရှားခံခဲ့ရပါတယ်။

ဆရာဝန် ဒေါက်တာမြတ်ကို အပါအဝင် ကျန်းမာရေး၊ ဆေးရုံဝန်ထမ်း (၁၂)ဦးတို့ဟာ ဆေးရုံဝင်းကနေ ဖယ်ရှားခံရပြီး CDM မလုပ်တော့တဲ့ ဒေါ်ခင်မာကြူ၊ သဇင်ဦးနဲ့ ပန်းမာလာတို့သာ ဆက်လက် နေထိုင်ခွင့် ရှိနေပါတယ်။

Catagories

CDM လုပ်နေတဲ့ မန်တုံနဲ့ နမ့်ဆန်က ကျန်းမာရေးဝန်ထမ်းတွေ ဖိအားပေးခံနေရ

ရွှေဖီမြေ၊ မတ်လ ၁ဝ ရက်၊ လားရှိုး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံနဲ့ နမ့်ဆန်မြို့နယ်မှာ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၁ဝ ရက် မနက်ပိုင်းက CDM ပြုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို CDM ဆက်လုပ်ရင် ဝန်ထမ်းအိမ်ရာကနေ ပြောင်းရွှေ့ရမယ်ဆိုပြီး ပြောဆိုနေတာရှိတယ်လို့ အမည်မဖော်လိုသူ နမ့်ဆန်မြို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Catagories

ဖမ်းဆီးခံရတဲ့ လားရှိုးနဲ့ ကျောက်မဲက လူငယ် ၇ ဦး ပြန်လွတ်လာ

ရွှေဖီမြေ၊ မတ်လ ၁ဝ ရက်၊ လားရှိုး

မတ်လ ၈ ရက်က ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လူငယ် ၅ ဦးနဲ့ ဒီနေ့ မတ်လ ၁ဝ ရက် မနက်က ဖမ်းဆီးခံထားရတဲ့ ကျောက်မဲက ၂ ဦး ပြန်လွတ်လာပါတယ်။

လားရှိုးက လူငယ် ၅ ဦးကိုတော့ မနေ့ မတ်လ ၉ ရက်မှာ ပြန်လွတ်ပေးခဲ့တာဖြစ်ပြီး ကျောက်မဲ လူငယ် ၂ ဦးကတော့ ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ပြန်လွတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လားရှိုးမြို့မှာ မတ်လ ၈ ရက်က ၇ ဦး ထပ်မံ ဖမ်းဆီးခံရပြီး ၅ ဦးသာ ပြန်လွတ်ပေးခဲ့ရာ ၂ ဦးကတော့ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။

Catagories

အုပ်ချုပ်ရေးမှူးအသစ် အလိုမရှိကြောင်း ဆန္ဒပြကန့်ကွက်တဲ့ ရပ်ကွက်နေပြည်သူ ၃ ဦး ဖမ်းဆီးခံရ

ရွှေဖီမြေ၊ မတ်လ ၁၀ ရက်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁၁)မှာ အသစ်ခန့်အပ်မယ့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒပြကန့်ကွက်နေသူတွေထဲက ၃ ဦးဟာ ဒီနေ့ မတ်လ ၁၀ ရက် မနက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ရပ်ကွက် (၁၁)မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက “အုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ ဆန္ဒလာပြတော့ ရဲတွေက ရောက်လာတယ်။ ဆန္ဒလာပြတဲ့လူတွေက အယောက် (၂၀)လောက်ရှိတယ်။ ကျနော်အပြင်ဘက်ကနေ ပြန်ရောက်လာတော့ ဆန္ဒပြတဲ့လူထဲက သုံးယောက်က ရဲကားထဲတောင် ရောက်နေပြီ” လို့ ပြောပါတယ်။

Catagories

နမ့်အွမ်နဲ့ တီးမကျေးရွာကြားမှာ KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရွှေဖီမြေ၊ မတ်လ ၉ ရက်၊ မူဆယ်

မနေ့ မတ်လ ၈ ရက် မနက် ၈ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမနဲ့ နမ့်အွမ်ကျေးရွာကြားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ တပ်မတော်တို့အကြား မိနစ် (၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ ကျေးရွာခံတစ်ဦးက “တိုက်ပွဲက မနက်ကဖြစ်တာ တီးမကျေးရွာမှာတော့ မဟုတ်ဘူး။ တီးမရွာနဲ့ နမ့်အွန်ရွာကြားမှာ ဖြစ်တာပါ” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

Catagories

ကွတ်ခိုင်မြို့နဲ့ ၆ မိုင်ခန့်သာဝေးတဲ့ မော်ဟန်ရွာအထိ TNLA တပ်ဖွဲ့ လှုပ်ရှားလာ၊ ဆန္ဒထုတ်ဖော်မှု ငြိမ်းချမ်းစွာနဲ့ ပြီးဆုံး

ရွှေဖီမြေ၊ မတ်လ ၈ ရက်၊ ကွတ်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ ၆ မိုင်ခန့်သာဝေးတဲ့ မော်ဟန်ရွာအနီးကို ဒီနေ့ မတ်လ ၈ ရက် နေ့လယ်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ တပ်ဖွဲ့တွေ ထပ်မံ လှုပ်ရှားလာပါတယ်။

မော်ဟန်ကျေးရွာဘက်ကို ဒီနေ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ အင်အား (၃၀၀)နီးပါး ရောက်ရှိလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့တွင်းမှာ ဆန္ဒပြလူထုတွေကို ရဲနဲ့စစ်တပ်က ဖြိုခွဲမယ့် အသင့်အနေအထား ရှိနေပေမယ့် မနေ့နဲ့ဒီနေ့မှာတော့ ဖြိုခွဲတာတွေ မလုပ်ဆောင်ခဲ့ဘဲ ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးခဲ့တယ်လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

Catagories

စံလောင်းကျေးရွာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၂ လောင်းတွေ့

ရွှေဖီမြေ၊ မတ်လ ၈ ရက်၊ သီပေါ

မတ်လ ၆ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စံလောင်းကျေးရွာနဲ့ တစ်မိုင်ခန့်အကွာက ဈေးဆိုင်မှာ သေနတ်ဒဏ်ရာအပြင် မီးလောင်ကျွမ်းပြီး သေဆုံးနေတဲ့ အလောင်း ၂ လောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)မှ ကိုမျိုးက “အလောင်းသွားသယ်ဖို့ ကျနော်တို့ဆီကို ရဲကအကြောင်းကြားလာတာပါ။ လောလောဆယ်က မီးလောင်ကျွမ်းထားတဲ့အတွက်ကြောင့် သေနတ်ဒဏ်ရာကတော့ ဘာမှမသိရသေးပါဘူး” လို့ ပြောပါတယ်။

Catagories

မန်ဆူဘုရားအနီး စုရပ်ရှာနေသူ ၁ ဦးအပါဝင် ၇ ဦး ဖမ်းဆီးခံရ

ရွှေဖီမြေ၊ မတ်လ ၈ ရက်၊ လားရှိုး

ဒီနေ့ မတ်လ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူကျောင်းအနီးမှာ စုရပ်ရှာနေတဲ့ စိုင်းကျော်သက်ဦး (၃ဝ နှစ်)ဆိုသူအပါအဝင် ဆန္ဒပြသူတွေထဲက ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။

ရဲတပ်ဖွဲ့အင်အား (၁၅)ယောက်ခန့်က အိမ်စီးကား ၃ စီးနဲ့ ရောက်လာပြီး မန်ဆူကျောင်းဘေးက စာသင်ကျောင်းထဲ ပြေးဝင်သွားတဲ့ စိုင်းကျော်သက်ဦးကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မျက်မြင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူက စာသင်ကျောင်းလမ်းကြားထဲ ပြေးဝင်တာကို ရဲတွေက ကားနဲ့လိုက်ပြီး ဖမ်းတာ။ ဘာလို့ဖမ်းလဲဆိုတာတော့ မသိဘူး”

Catagories

Subscribe to သတင်း