Skip to main content

CDM မှာ ပါဝင်တဲ့ လားရှိုးက ကျန်းမာရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဖယ်ရှားခံရ

CDM မှာ ပါဝင်တဲ့ လားရှိုးက ကျန်းမာရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဖယ်ရှားခံနေရပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၈)မှာရှိတဲ့ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရတာဖြစ်ပြီး မနက်ဖြန်မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြောပေမဲ့ ဒီနေ့မှာပဲ ဖယ်ပေးခဲ့ကြပါတယ်။

CDM ဆက်လုပ်သူတွေ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားကြဖို့ ရဲ၊ စစ်တပ်နဲ့​ ထွေ/အုပ်က​နေတစ်ဆင့် တာ၀န်ခံဆရာ၀န်ကို အ​ကြောင်းကြားလာတာပဲ ဖြစ်ပါတယ်။

လားရှိုးမြို့အပြင် နမ့်ဆန်၊ မန်တုံ၊ တန့်ယန်း၊ တာမိုးညဲနဲ့ သိန္နီမြို့နယ်က CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း မတ်လ ၁၀ ရက်ကစတင်ပြီး အိမ်ရာကနေ ဖယ်ရှားခံနေကြရပါတယ်။

#ကျန်းမာရေးဝန်ထမ်း #အိမ်ရာ #ဖယ်ရှားခံရ #လားရှိုး
#ဓာတ်ပုံ- CJ

Catagories