Skip to main content

သိန္နီမှာ CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာကနေ ဖယ်ရှားခိုင်း

သိန္နီမှာ CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာကနေ ဖယ်ရှားခိုင်း

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ သိန္နီ

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က စတင်ပြီး CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာကနေ ဖယ်ရှားခိုင်းတာကြောင့် ဝန်ထမ်းတွေဟာ ပစ္စည်းတွေကို ဒီနေ့ မတ်လ ၁၃ ရက်မှာ ရွှေ့လိုက်ကြပါတယ်။

သိန္နီမြို့ထဲက CDM လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက “ကျွန်မတို့က CDM လုပ်ပြီးကတည်းက အဲဒီအိမ်ရာမှာ မရှိတော့ဘူး။ သူတို့ဘက်က ဖယ်ရှားခိုင်းလို့ ကားတွေငှားပြီး ကျွန်မတို့ပစ္စည်းတွေကို ရွှေ့လိုက်တာပါ” လို့ ပြောပါတယ်။

အဲဒီအိမ်ရာကနေ CDM လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့ မနက်ဖြန် မတ်လ ၁၄ ရက် နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းတာပဲ ဖြစ်ပါတယ်။

သိန္နီမှာ CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း (၃၅)ဦးရှိပြီး အဲဒီအထဲမှာမှ (၁၄)ဦးဟာ ဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

သိန္နီမြို့လိုပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အများစုမှာလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခိုင်းတာတွေ ရှိနေပါတယ်။

#ဓာတ်ပုံ- CJ
#ကျန်းမာရေးဝန်ထမ်း #CDM #ဝန်ထမ်းအိမ်ရာ #ဖယ်ရှားခံရ #သိန္နီ

Catagories