Skip to main content

CDM လုပ်နေတဲ့ တာမိုးညဲက ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံရ

CDM လုပ်နေတဲ့ တာမိုးညဲက ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ ကွတ်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဆေးရုံမှာ CDM လုပ်နေတဲ့ ဝန်ထမ်း (၁၁)ဦးဟာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

အလုပ်ပြန်မဝင်ရင် ဒီနေ့ မတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ပစ္စည်းတွေ လာရောက်သိမ်းယူကြဖို့ အကြောင်းကြားလာတာကြောင့် ဝန်ထမ်းတွေက ပစ္စည်းသိမ်းခဲ့ကြပါတယ်။

ဖယ်ရှားဖို့အတွက် ရဲ၊ စစ်တပ်နဲ့ ထွေ/အုပ်ကနေတစ်ဆင့် တာဝန်ခံဆရာဝန်ကို ပြောဆိုခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက်ကလည်း CDM လုပ်နေတဲ့ တန့်ယန်းမြို့က ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

အလားတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်က ကျန်းမာရေးဝန်ထမ်း (၁၂)ဦး မတ်လ ၁၀ ရက်နဲ့ မန်တုံက ကျန်းမာရေးဝန်ထမ်း (၁၁)ဦးတို့လည်း မတ်လ ၁၁ ရက်မှာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

#ဓာတ်ပုံ- CJ
#ကျန်းမာရေးဝန်ထမ်း #CDM #တာမိုးညဲ

Catagories