Skip to main content

ငွေကြေး ကုန်ကျမှု လျော့နည်းစေပြီး သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းအတွက် တီထွင်မှုအသစ်

လျှော်ပြီး ပြန်သုံးလို့ရတဲ့ အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းကို အသုံးပြုတာ နည်းပါးသလို ဒီလိုပြန်လျှော်ပြီး အသုံးပြုနိုင်တဲ့ နည်းလမ်းကိုလည်း သိသူက ရှားပါတယ်။

ဒီလျှော်ပြီး ပြန်သုံးလို့ရတဲ့ အမျိုးသမီးလစဉ်သုံးဟာ အမျိုးအစားက လေးမျိုးရှိပြီးတော့ လွတ်လပ်မြေ အဖွဲ့အစည်း (FREELAND Organization)အောက်က လူမှုယှက်နွယ်စီးပွားရေးက ဦးဆောင်မှုနဲ့ ထုတ်လုပ်နေတာပါ။

လျှော်ပြီးပြန်သုံးလို့ရတဲ့ ဒီလစဉ်သုံးဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား ပိုးတွေရှိနေမှာလားဆိုတာကို အမျိုးသမီး တော်တော်များများက စိုးရိမ်မှုတွေ ရှိနေသလို လက်ရှိမှာလည်း လျှော်ပြီးပြန်သုံးလို့ရတဲ့ လစဉ်သုံးနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီလစဉ်သုံးပစ္စည်းကို ၂၀၂၀ ခုနှစ် မေလထဲမှာ စချုပ်ခဲ့တာဖြစ်ပြီးတော့ ကိုယ်တိုင်အသုံးပြုပြီးနောက် လျှော်ပြီးပြန်သုံးနေတဲ့ အမျိုးသမီးတွေရဲ့အသံကို ကောက်ယူပြီး ဒီဇင်ဘာလကုန်မှာ စတင်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေရဲ့ သတင်းထောက် လွေးအမ်ရွှေလီက တင်ဆက်ပေးထားပါတယ်။

#ရိုက်ကူး- လွေးအေးမီး၊ ရွှေဖီမြေ/တည်းဖြတ်- လွေးအမ်ရွှေလီ၊ ရွှေဖီမြေ
#အမျိုးသမီးလစဉ်သုံးပစ္စည်း #သဘာဝပတ်ဝန်းကျင် #လားရှိုး