ကျန်းမာရေး
ကပ်ရောဂါနဲ့ပတ်သက်တဲ့ အသိပညာပေး ရရှိမှု အားနည်းနေဆဲ
၁ နှစ်ခန့်ကြာအထိ ကပ်ရောဂါနဲ့ပတ်သက်တဲ့ အသိပညာပေး ရရှိမှု အားနည်းနေတဲ့ ဒေသတွေ ရှိနေပါတယ်။
မြို့ပြတွေမှာ ကပ်ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးတွေ ရရှိထားကြပေမဲ့ ကျေးလက်ဒေသမှာ နေထိုင်သူတွေဟာ မသိရှိကြပါဘူး။
ရွှေဖီမြေ ရုပ်သံသတင်းထောက် လွေးအေးမီးက တင်ဆက်ပေးထားပါတယ်။
#ရိုက်ကူး- မိုင်းအတ္တ၊ ရွှေဖီမြေ/တည်းဖြတ်- လွေးအေးမီး၊ ရွှေဖီမြေ
#ကပ်ရောဂါ #အသိပညာပေး #အားနည်း #မန်တုံ
Catagories
ကျန်းမာရေးဝန်ထမ်းတွေကို Covid-19 ကာကွယ်ဆေး ထိုးနှံ
လားရှိုးမြို့နယ်ထဲက ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက စတင်ပြီး Covid-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြပါတယ်။
#ရိုက်ကူး/တည်းဖြတ်- လွေးအေးမီး၊ ရွှေဖီမြေ
Catagories
မွေးရာပါ ကျောကုန်းမှာ အကြိတ်လို အဖုဖြစ်နေတဲ့ (၄)လသား ကလေးငယ်အတွက် ကုသစရိတ် လိုအပ်နေ
ရွှေဖီမြေ၊ ဒီဇင်ဘာ ၃ ရက်၊ နမ့်ဆန်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လီလုကျေးရွာအုပ်စု မန်ပိန်းကျေးရွာက ကလေးငယ်ဟာ မွေးရာပါ ကျောကုန်းမှာ အကြိတ်လို အဖုဖြစ်နေတာကြောင့် ဆေးကုသစရိတ်အတွက် အကူအညီ လိုအပ်နေပါတယ်။
ကလေးမလေးဟာ ၄ လကျော်သာ ရှိသေးပြီး မွေးဖွားတုန်းက ကျောကုန်းမှာရှိတဲ့အဖုသာ သေးငယ်ပေမဲ့ တစ်ဖြေးဖြေးနဲ့ အခုလို ကြီးလာတာဖြစ်တယ်လို့ သိရပါတယ်။
မွေးဖွားချင်းမှာပဲ မိဘဖြစ်သူတွေဟာ ဆေးရုံတက်ပြီး ကုသခဲ့ပေမဲ့ ငွေကြေး မတတ်နိုင်တော့တာကြောင့် ဆရာဝန်တွေရဲ့ ဒုတိအကြိမ်ရက်ချိန်းမှာ ထပ်မပြဖြစ်ခဲ့ပါဘူး။
Catagories
ကိုဗစ်(၁၉)ရောဂါလက္ခဏာတွေ ခံစားလာရရင် ဘာတွေလုပ်ရမလဲ
ဇူလိုင် ၁၁ ရက်၊ The Voice
ဦးစွာ ကိုဗစ်(၁၉)ရဲ့ ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။ လက္ခဏာတွေကတော့ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာ၊ အသက်ရှူခက်ခဲတာ၊ အားအင်ကုန်ခမ်းတာတွေ ဖြစ်ပါတယ်။ ကနဦးမှာတော့ ကိုယ်အပူချိန် မြင့်တက်လာပြီး ချောင်းခြောက် ဆိုးလာတတ်ပါတယ်။ တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်းပြီး အသက်ရှူကြပ်တာတွေ ဖြစ်လာမှာပါ။
Catagories
ရွေးကောက်ပွဲနေ့က နောင်ပိန်မဲရုံမှာ မဲလာထည့်တဲ့ ယာဉ်မောင်းတစ်ဦးဆီမှာ ပိုးတွေ့၊ လူ(၄၅)ဦးကို Quarantine ထားရှိ
လွေးနှင်းဖြူ၊ ရွှေဖီမြေ
နိုဝင်ဘာလ ၁၂ ရက်၊ ကျောက်မဲ
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာက ယာဉ်မောင်းတစ်ဦး မဲထည့်ပြီးနောက် မန္တလေးဘက် သွားဖို့အတွက် နောင်ချိုမြို့နယ်ဂိတ်မှာ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်းတစ်ဦးဆီမှာ ပိုးတွေ့ခဲ့တာကြောင့် ဆက်စပ်သူ (၄၅)ဦးကို Quarantine ထားရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကူးက ဒီနေ့ နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
Catagories
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် နိုဝင်ဘာ ၃ဝ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက်
Catagories
မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ၃ သိန်းကျော် ထိုးနှံပြီးစီး
မြန်မာနိုင်ငံထဲမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ Stay At Home မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ပုံမှန်ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ထဲက အသစ်ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို ဒီနေ့ အောက်တိုဘာ ၂၈ ရက်အထိ အသက် ၉ နှစ်ကနေ ၁၀ နှစ်အရွယ် မိန်းကလေးငယ် အယောက် ၃ သိန်းကျော် (၃၂၂,၉၀၀ ဦး)ကို ထိုးနှံပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
၎င်းအစီအစဉ်ကိုတော့ ဒီလ အောက်တိုဘာ ၂၀ ရက်ကနေ စတင်ထိုးနှံခဲ့တာဖြစ်ပြီး မိန်းကလေးငယ် ၄၅၀,၀၀၀ ကျော်ကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။