Skip to main content

ဆောင်းပါး

သတင်းမှား၊ သတင်းတုများနှင့် ရွေးကောက်ပွဲ

မိုင်းရူကော၊ ရွှေဖီမြေ

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ သတင်းအမှား၊ သတင်းအတုများသည် လူမှုကွန်ရက်ပေါ် သိသိသာသာ များပြားလာသည်။ သတင်းအမှားကြောင့် မဲဆန္ဒရှင် လူထုများ၏ ရွေးချယ်ခွင့်ကို မှားယွင်းသွားစေနိုင်သည့်အခြေအနေ ကြုံတွေ့လာနိုင်သည်ဟု လူငယ်နှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲကာလကဲ့သို့ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးရေး မလုပ်နိုင်ခြင်းသည် လူအများစုကို လူမှုကွန်ရက်ပေါ်ရောက်အောင် တွန်းပို့လိုက်သည့်အတွက် သတင်းအမှား၊ သတင်းအတုများသည်လည်း လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။

ဇယန်းကြီးကျေးရွာခံ ၂ ဦးကို ပြည်သူ့စစ်နဲ့တပ်မတော်တို့ ဖမ်းဆီးခေါ်ဆောင်သွား လွေးနှင်းဖြူ

မနေ့ အောက်တိုဘာလ ၂၂ ရက်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာနေ အမျိုးသား ၂ ဦးကို ညပိုင်း ၈ နာရီခွဲအချိန်မှာ ငွန်ဆိုင်းပြည်သူ့စစ်နဲ့တပ်မတော်တို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇယန်းကြီးကျေးရွာမှ တာဝန်ရှိသူတစ်ဦးက “ဘာကြောင့်ဖမ်းသလဲဆိုတာ ကျနော်တို့လည်း အသေးစိတ် မသိရသေးပါဘူး။ လာရောက် ဖမ်းတုန်းကတော့ ငွန်ဆိုင်းပြည်သူ့စစ်နဲ့ တပ်မတော်တို့က ဖမ်းသွားတယ်” လို့ ဒီနေ့မှာ ရွှေဖီမြေကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမှာ မဟုတ်တဲ့ မိုင်းကိုင်မြို့နယ်နဲ့ ပတ်သက်ပြီး တပ်မတော်က ဘာပြောလဲ…?

မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲနဲ့ ရွေးကောက်ပွဲမလုပ်ဖို့ ဘာကြောင့်အကြံပြုခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ အောက်တိုဘာလ ၂၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း

ဥက္ကဌ

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့

မိုင်းကိုင်မြို့နယ်ထဲက ကျေးရွာအုပ်စု ၄ အုပ်စုကို RCSS တပ်ဖွဲ့က အသွားအလာ ထပ်မံပိတ်ပင်

လွေးပိုးဆငယ်၊ ရွှေဖီမြေ

အောက်တိုဘာ ၂၃ ရက်၊ မိုင်းကိုင်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၄ အုပ်စုကို အောက်တိုဘာ ၂၀ ရက်က စတင်ပြီးတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က ဒုတိယအကြိမ် အသွားအလာ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အသွားအလာ ပိတ်ပင်ထားခံရတဲ့ အုပ်စု ၄ အုပ်စုကတော့ စုံလော၊ ခေးအုံအွေ့၊ ဖာခေါင်နဲ့ နောင်စံဖူးကျေးရွာအုပ်စုတွေဖြစ်ပြီး အဲဒီအုပ်စု ၄ အုပ်စုထဲမှာ ကျေးရွာစုစုပေါင်း (၂၀)ကျော်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုင်းလိန်ကျေးရွာခံတွေ အစိုးရကပေးတဲ့ ထောက်ပံ့ကြေး ၃ ကြိမ်စာပေါင်းပြီးမှသာ ရရှိ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

အောက်တိုဘာ ၂၂ ရက်၊ မိုးကုတ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စု ဆိုင်းလိန်ကျေးရွာမှာ ကိုဗစ်ရောဂါကာလအတွင်း အစိုးရကပေးတဲ့ ထောက်ပံ့ကြေးတွေကို ၃ သုတ်စာပေါင်းပြီးတော့ မနေ့ အောက်တိုဘာလ ၂၁ ရက်က ကျေးရွာခံတွေဆီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဝေဖန်မှုပေါင်းများစွာနှင့် ရှမ်းပြည်ရွေးကောက်ပွဲ လားရာ

ရှမ်းပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၇ မြို့နယ်ရှိခဲ့ပြီး ယခုလာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ ထပ်တိုးလာ၍ ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်ပေါင်း ၆ ခု ရှိလာသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲတွင် ပါဝင်သည့် ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်မြို့နယ်တို့သည် ယခင်ရွေးကောက်ပွဲတွင်လည်း ကျင်းပခွင့်မရှိသည့် မြို့နယ်များဖြစ်ခဲ့သည့်အတွက် အထူးအဆန်း မဟုတ်ပေ။

Subscribe to ဆောင်းပါး